ပန္နက်ရိုက်
တနင်္ဂနွေသား အိမ်ဆောက်လျှင် ကြာသာပတေးသား ကြိုးရင်းကိုင်၊ သောကြာသား ကြိုးဖျားကိုင်၊ စနေသား ပန္နက်ရိုက်ရမည်။
တနင်္လာသား အိမ်ဆောက်လျှင် သောက်ကြာသား ကြိုးရင်းကိုင်၊ စနေသား ကြိုးဖျားကိုင်၊ တနင်္ဂနွေသား ပန္နက်ရိုက်ရမည်။
အင်္ဂါသား အိမ်ဆောက်လျှင် စနေသား ကြိုးရင်းကိုင် တနင်္ဂနွေသား ကြိုးဖျားကိုင်၊ တနင်္လာသား ပန္နက်ရိုက်ရမည်။
ဗုဒ္ဓဟူးသား အိမ်ဆောက်လျှင် တနင်္ဂနွေသား ကြိုးရင်းကိုင် တနင်္လာသား ကြိုးဖျားကိုင်၊ အင်္ဂါသား ပန္နက်ရိုက်ရမည်။
ကြာသာပတေးသား အိမ်ဆောက်လျှင် တနင်္လာသား ကြိုးရင်းကိုင်၊ အင်္ဂါသား ကြိုးဖျားကိုင်၊ ဗုဒ္ဓဟူးသား ပန္နက်ရိုက်ရမည်။
သောက်ကြာသား အိမ်ဆောက်လျှင် အင်္ဂါသားကြိုးရင်းကိုင် ဗုဒ္ဓဟူးသား ကြိုးဖျားကိုင်၊ ကြာသပတေးသား ပန္နက်ရိုက်ရမည်။
စနေသား အိမ်ဆောက်လျှင် ဗုဒ္ဓဟူးသား ကြိုးရင်းကိုင် ကြာသာပတေးသား ကြိုးဖျားကိုင် သောကြာသား ပန္နက်ရိုက်ရမည်။
0 Comments