ဂြိုလ်၈လုံး ပရိယာယ် 


တနင်္ဂနွေ (ပါပ) – အဖ၊ အဖကဲ့သို့သူ၊ အကြီးအကဲ၊ အိမ်ထောင်အုပ်စု၊ အိမ်တွင်းရိုးရာ၊ အလုပ်၊ အနီရောင်၊ အိုးအိမ် အစရှိသည့် တနင်္ဂနွေနံ ပညတ်များ

တနင်္လာ (သောမ) – အမိ၊ အမိကဲ့သို့သူ၊ အချစ်ရေး၊ အလှူမင်္ဂလာ၊ အကြွားဟန်အမူအရာ၊ ငွေ၊ အဖြူရောင်၊ ကျောက် ကား ခွေး အစရှိသည့် တနလာၤနံ ပညတ်များ

အင်္ဂါ (ပါပ) – လင်ယောက်ျား၊ အောက်လက်ငယ်သား၊ စစ်ဖက်၊ စက်မှု၊ အစွပ်အစွဲ၊ ပစ်စာတိုင်စာ၊ ခိုက်ရန်ဒေါသ၊ အမှုအခင်း၊ ပယောဂ၊ ဆေးရုံ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်၊ အစိမ်းရောင်နှင့် ဆန် ဆီ ဆေး အစရှိသည့် အင်္ဂါနံ ပညတ်များ

ဗုဒ္ဓဟူး (သောမ) – သားသမီး၊ ညီအကိုမောင်နှမ၊ ဘုရားရုပ်ပွားတော်၊ ရေတွင်းရေကန်၊ ရုပ်ရှင်ပြဇာတ်၊ အဝါရောင်နှင့် လူ၊ ရွှေ၊ လှေ လှည်း အစရှိသည့် ဗုဒ္ဓဟူးနံ ပညတ်များ

စနေ (ပါပ) – ထင်ပေါ်မှု၊ လောဘ၊ နိုင်ငံရေး၊ မင်းစိုးရာဇာ၊ အမှုအခင်း၊ ထောင်၊ ထီ၊ နတ်၊ လူမျိုးခြား ဘာသာခြား၊ ပယောဂ၊ အနက်ရောင် အပြာရောင် နှင့် ထီး ဓါး အစရှိသည့် စနေနံ ပညတ်များ

ကြာသာပတေး (သောမ) – ဆရာသမား၊ ပညာ၊ အမွေ၊ တရားဓမ္မ၊ ဘာသာရေး၊ အတွေးအခေါ်၊ မိန်းမ၊ အပြာရောင်နှင့် မြေ မြင်း မြ အစရှိသော ကြာသာပတေးနံ ပညတ်များ

ရာဟု (ပါပ) – ရေနစ်ခြင်း၊ ယားယံခြင်း၊ ရင်ဝမ်းနှင့်ပတ်သက်သောရောဂါ၊ ကိလေသာ၊ အခြွေအရံ၊ ရှ ွံ့ပုတ်ကဲ့သို့အရောင် နှင့် ရာဟုနံ ပညတ်များ

သောကြာ (သောမ) – မယား၊ စကား၊ ခရီး လှုပ်ရှားမှု၊ သွေးသား၊ သူခိုး၊ အတောင်ပါသော သတ္တဝါ၊ အနုပညာ အလှအပ၊ ရောနှောသောရောင်စုံ နှင့် သစ် သံ သွတ် အ စရှိသည့် သောကြာနံ ပညတ်များ


မဟာဘုတ်အိမ် (၇)ဌာန ပရိယာယ်


ပုတိ (အနိဌ) – ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ အောင်မြင်မှုနည်းခြင်း၊ လှုပ်ရှားရုန်းကန်ရခြင်း၊ မတင်မကျ ဒွိဟဖြစ်နေခြင်း၊ မကောင်းသတင်း ကျော်ဇောခြင်း၊

ဘင်္ဂ (အနိဌ) – ရွေ့လျားပျက်ပြားခြင်း၊ ရောဂါ ဘေးရန်များခြင်း၊ ထိတ်လန့်မှုများခြင်း၊ အတိုက်အခံဖြင့် အောင်မြင်ခြင်း

မရဏ (အနိဌ) – စိုးရိမ်ပူပန်မှုများခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပမ်းဆင်းရဲခြင်း၊ အောင်မြင်မှု နည်းခြင်း၊ အနာရောဂါ ထူပြောခြင်း၊ ဘေးရန်ကျရောက်ခြင်း၊ အပြီးတိုင် စွန့်လွှတ်ရခြင်း၊

အထွန်း (ဣဌ) – ထွန်းလင်းတောက်ပခြင်း၊ အောင်မြင်ကျော်ဇောခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရခြင်း၊

သိုက် (ဣဌ) – အေးချမ်းသာယာခြင်း၊ ဘာသာရေးကို လေးစားခြင်း၊ အကြံအစည်ကြီးခြင်း၊ လူချစ်လူခင်များခြင်း၊ အောင်မြင်ခြင်း

ရာဇ (ဣဌ) – ထက်မြင်ခြင်း၊ မင်းကျွမ်းဝင်ခြင်း၊ လာဘ်ပေါများခြင်း၊ လှုပ်ရှားခြင်း၊ အောင်မြင်မှုများခြင်း

အဓိပတိ (ဣဌ) – အကြီးအကဲဖြစ်ရခြင်း၊ သြဇာရှိခြင်း၊ လူမှုရေးအလုပ် များစွာလုပ်ရခြင်း၊ အများအတွက် စိုးရိမ်ပူပန်ရခြင်း၊ လှုပ်ရှားခြင်း

0 Comments