သူ့ကိုနိုင်လိုဆနဲ့ခို ၊ လိုရာဆေးဖော်သုံး
“ သူ့ကိုနိုင်လို ဆနဲ့ခို၊ လိုရာ ဆေးဖော်သုံး"
အရေးကြီးအကြောင်းတစ်စုံတစ်ရာရှိလို့ စကားပြောရမယ်ဆိုရင်
“ ဆ ” ဆိုတာက ပညာရပ်စကားကို ပြောတာ။ အဓိပ္ပါယ်က “ ဆပွတ် ” တဲ့ ။
ဆပွတ်ဆိုတာ ခြောက်ခုမြောက် ဂြိုဟ်ကို ဆိုလိုတာ။
တနင်္ဂနွေသားရဲ့ “ ဆ ” ဟာ “ သောကြာ ” ။
သောကြာ” ရဲ့ “ ဆ ” ဟာ “ ဗုဒ္ဓဟူး ” ။
ဗုဒ္ဓဟူးသား” ရဲ့ “ ဆ ” ဟာ “ တနင်္လာ ” ။
တနင်္လာသား” ရဲ့“ ဆ ” ဟာ “ကြာသပတေး ”
ကြာသပတေသား” ရဲ့ “ ဆ ” ဟာ “ အင်္ဂါ” ။
အင်္ဂါသား” ရဲ့ “ ဆ ” ဟာ “ တနင်္ဂနွေ”။
“ပဥ္ဓပွတ် ” နဲ့ မြား ၊ ဆပွတ်နဲ့ ဓား။
ပဥ္ဓပွတ်ဆိုတာ ငါးခု မြောက် ဂြိုဟ်ကို ပြောတာ . . . . .
တနင်္ဂနွေ ” ရဲ့ ပဥ္ဓပွတ်ဟာ “ ကြာသပတေး ” ။
ကြာသပတေး ” ရဲ့ ပဥ္ဓပွတ်ဟာ “ တနင်္လာ ”
တနင်္လာ ” ရဲ့ ပဥ္ဓပွတ်ဟာ “ သောကြာ ” ။
သောကြာ” ရဲ့ ပဥ္ဓပွတ်ဟာ “ အင်္ဂါ ” ။
အင်္ဂါ ” ရဲ့ ပဥ္ဓပွတ်ဟာ “ စနေ ”
စနေ ” ရဲ့ ပဥ္ဓပွတ်ဟာ “ ဗုဒ္ဓဟူး” ။
ဗုဒ္ဓဟူး ” ရဲ့ ပဥ္ဓပွတ်ဟာ “ တနင်္ဂနွေ ” တဲ့။
ဥပမာ-
ကိုယ်နှင့် စကားပြောရမည့်သူက တနင်္ဂနွေသား၊ သူကိုပဥ္ဓပွတ်နဲ့ မျှားရမယ် ဆိုတော့ တနင်္ဂနွေရဲ့ ပဥ္ဓပွတ်ဟာ ကြာသပတေး။
ဒါကြောင့် အိပ်ထဲမှာ မေမြို့ပန်းကလေးတစ်ခု ထည့်ပြီး သွားရမယ်။ ဆပွတ်နဲ့ ဓားဆိုတဲ့ စကားအရ တနင်္ဂနွေရဲ့ ဆပွတ်ဟာ သောကြာဆိုတော့ သောကြာနေ့ကို သွားမယ်။ သွားတဲ့အချိန်ဟာလည်း တနင်္ဂနွေရဲ့ ဆပွတ်အချိန် သောကြာအချိန်ကို သွားရမယ်။ ဆပွတ်နေရာက ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ သောကြာ ဆိုတော့ မြောက်အရပ်ပဲ။ တွေ့တဲ့အခါ မြောက်အရပ်ကနေပြီး စကားပြောရမယ်။
နေ့ ပဉ္ဂပွတ်ပန်း ဆပွတ်နေ့ ဆပွတ်အရပ်
၁ မေမြို့ သောကြာ မြောက်
၂ သီးညွှန့် စနေ အနောက်တောင်
၃ ထိန်/ထန်း နွေ ရှေ့မြောက်
၄ အုန်း၊ လာ အရှေ့
၅ ကံ့ကော် အင်္ဂါ ရှေ့တောင်
၆ ဆီးညွှန့်/သီး ဟူး တောင်ဘက်
၀ ရွက်လှ တေး အနောက်
0 Comments