ရောက်ရှိနေသော အသက်ကို တည် (၈)ဖြင့်စား၊ အကြွင်းကို ရေတွက်-

တနင်္ဂနွေသက်ရောက်ဟောကိန်း
အိမ်သစ်ဝင်ခြင်း။
လုပ်ငန်းသစ်ပေါ်ခြင်း။
အလုပ်အကိုင် တိုးတက်ခြင်း။
နေရာကောင်းရခြင်း။
ငယ်ရွယ်သူဖြစ်ပါက အိမ်ထောင်ကျတတ်ခြင်း။
လူအမား၏ အထင်ကြီး ခံရခြင်း။
သူခိုးခိုး ခံရခြင်း။
ဘုရားဖူးခရီးသွားရခြင်း။
ဆွေမျိုးဧည့်သည့် ရောက်လာခြင်း။
အတောင်ပါသော သတ္တဝါ ဝင်လာခြင်း။
သွတ်သံသစ်ဝင်ခြင်း။
အိမ်သာပြင်ရခြင်း။သစ်ပင်စိုက်ရခြင်း။
မုဆိုးမဧည့်သည် အိမ်သို့ အလယ်ရောက်လာခြင်း။
မိမိထောက်ပံ့သော ဘုန်းကြီး လူထွက်ခြင်း။
မြေအတွက် စိတ်ညစ်ရခြင်း။
မိမိအိမ်တွင် ပျားစွဲသောနိမိတ်ပေါ်ခြင်း။
အမျိုးသားဖြစ်ပါက မိန်းမတစ်ဦး ဒုက္ခပေးခြင်း။
ရွှေဝင်ခြင်း။
ဓါတ်တော် ၊ ရှင်သီဝလိ ၊ ဘုရားဆင်းတုတော်များ အိမ်သို့ ကြွလာခြင်း။
သားသမီးရင်သွေးရတနာရရှိခြင်း။
လမ်းဖောက်သောလုပ်ငန်း၌ ပါဝင်ရတတ်ခြင်း။
ထွက်ပြီးသော စက်ပစ္စည်းများ ပြန်ဝင်ခြင်း။
အင်္ဂါချို့ယွင်းသူ ၊ စကားထစ်သူ အနားတွင် ရောက်လာခြင်း။
ငွေအတွက် သောကရောက်ရခြင်း။
ပေးထားသောငွေများဆုံးခြင်း။
မိမိဝတ်ဆင်သော လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း။
ခွေး ကြောင် ထွက်ခြင်း။
အချစ်ရေး ကံမကောင်းခြင်း။
အလှူ (သို့) မင်္ဂလာဆောင် ရက်ရွေ့ရခြင်း။
အိမ်ခေါင် ပျက်နေတတ်ခြင်း။
အလုပ်၌ ရန်ပေါ်ခြင်း။
အထက်လူကြီးကြောင့် စိတ်ညစ်ရခြင်း။
စနေနံ ပစ္စည်းများထွက်ခြင်း။
ကိုယ်ဝန်ဆောင်သည် ဝင်လာ၍ အမှု့ ဖြစ်တတ်ခြင်း။
အိမ်အနီးတွင် မီးလန့်ခြင်းများ ဖြစ်တတ်ပါသည်။
တနင်္လာသက်ရောက်ဟောကိန်း
အလှူအတန်း မုချ ပြုလုပ်ရမည်။
ငွေအစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။
ဒီနှစ်တွင် အိမ်ပိုင် ကားပိုင်နှင့် ဖြစ်နိုင်သည်။
ဖြတ်လမ်းစီးပွားရေး မလုပ်လျှင် မုချကြီးပွားမည်။
ကိုယ်နျင့် မသင့်မြတ်သူများ ပြန်လည် သင့်မြတ်သွားလိမ့်မည်။
အရေးကြီးသောကံများ ထိမ်းသိမ်းပါ။ မထိမ်ရင် စနေသက်ရောက်တွင် မွဲမည်။
ခေါင်းရင်း(သို့) မျက်နှာချင်းဆိုင်အိမ်တွင် မင်္ဂလာပေါ်မည်။(ကောင်း၏)
ကိုယ်ဝန်ဆောင်သည်ရှိက ယောက်ျားလေး မွေးမည်။
ခြေနှစ်ချောင်းဝင်မည့်နှစ်ဖြစ်သည်။
ကျောက်မြက်ရတနာဝင်ခြင်း ဖြစ်မည်။
အလုပ်ပြောင်းရွေ့လိုခြင်း၊ စိတ်မဝင်စားခြင်း ဖြစ်မည်။
အိမ်ထောင်ရေး ဒုက္ခတွေ့မည်။
အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။
ဝန်ထမ်းဆိုပါက ရာထူးတက်မည်။
ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။
နတ်မသကဲ့သို့ မမျှော်လင့်ပဲ အကျိုးဖြစ်ထွန်းမည်။
လူမျိုးခြား မကိန်းရှိသည်။
ခရီး၊ မကြာခန ထွက်ရတတ်သည်။
ဆွေမျိုးများကို အကူအညီ ပေးရမည်။
သွတ် ၊ သံ သစ် ဝင်မည်။
သမီးရှိက အိမ်မှ ထွက်သွားတတ်သည်။
ပညာရေးနှင့် ပါတ်သက်၍ အခက်ကြုံမည်။
မြေကိစ္စ စကားပြောရတတ်သည်။
ရွှေထွက်ခြင်း (သို့) ရွှေအတွက် စကားများရတ်သည်။
မိမိ၏ သားသမီးဖြစ်သူ မိမိအား တော်လှန်၍ အိမ်မှ ထွက်သွားမည်။
ဘုရားဆင်းတု ၊ ပုံတော်များ ရွှေကွာမည်။ပြန်ပြင်ပါ။
ဆီးရောဂါ ၊ မျက်စိရောဂါ ဖြစ်တတ်သည်။
အစာမှားတတ်သည်။
ပစ်စာ-တိုင်စာခံရတတ်သည်။
စာတစ်ဆောင်ကြောင့် ဒုက္ခတွေ့တတ်သည်။
အင်္ဂါသက်ရောက်သို့ဟောကိန်း
လုပ်သမျှ အပျက်အစီးများမည်
စီးပွား ပျက်တော့မလိုလိုနှင့် တက်တက်ပြောင်သွားတတ်သည်။
သင့်ထက် မြင့်သူ နိမ့်သူ နှစ်ဦးစလုံးက ဒုက္ခပေးမည်။
လက်ရှိ အလုပ်နေရာက ပြောင်းရွေ့ လိုစိတ်ပေါ်မည်။ပြောင်းက ပိုဆိုးသွားမည်။
အစာ အဆိပ် ဖြစ်တတ်သည်။
အမှု့ မဖြစ်အောင်နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့်လိုက်က ရှုံးမည်။
မည်သည့် ပစ္စည်းမှ မငှားပါနှင့် ။ဆုံးတတ်သည်။
လူမျိုးခြား၊ ဘာသာခြား မစမည်။
အဖော်ခရီး ထွက်ရတတ်သည်။
သွားနာဖြင်း၊ သွားကိုက်ခြင်း ဖြစ်တတ်သည်။
အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်သည်။
ပညာရေးနှင့် ပါတ်သက်သောကိစ္စများ အောင်မြင်မည်။
မမျှော်လင့်ပဲ မိတ်ကောင်း ဆွေကောင်းတွေ့ရတတ်သည်။
မြေဝင်တတ်သည်။
ရွှေဝင်ခြင်း၊ ရှင်သီဝလိဝင်ခြင်း၊ ဘုရားစသည် ဝင်ခြင်း ဖြစ်မည်။
ရေတွင်း ၊ ရေကန် တူးရခြင်း ဖြစ်မည်။
မိမိ အောက်လက်ငယ်သားများ ထွက်ပြေးသွားတတ်သည်။
အင်္ဂါ ချို့ယွင်းသူ ၊ စကားထစ်သူ အိမ်သို့ ရောက်လာတတ်သည်။
ငွေ ပျောက်ခြင်း ၊ အကြွေးတင်ခြင်း။ ခြေထောက်နာခြင်း ဖြစ်တတ်သည်။
အလှူ မင်္ဂလာရက်ရွှေ့ရတတ်သည်။
အကျော မကောင်းခြင်း ဖြစ်တတ်သည်။
အထက် လူကြီးကြောင့် စိတ်ညစ်ရခြင်းများ ဖြစ်တတ်သည်။
အိမ်ထောင်ရေး ကံဇာတာညံတတ်သည်။
ဗုဒ္ဓဟူးသက်ရောက်ဟောကိန်း 
ဂိုဏ်းဝင်တစ်ဦး ဖြစ်ပါက ပျက်သွားမည်။
လွန်စွာ ပင်ပန်းလိမ့်မည်။
ရောဂါလည်း ရတတ်သည်။
ဘာစားစား အရသာ မရှိသကဲ့သို့ ဖြစ်မည်။
ငွေကြေးများ ဆုံးပါးတတ်သည်။
အိမ်မှ ပစ္စည်းများ ချရောင်းရသည့် အထိ ငွေ ပြတ်သွားမည်။
အမွေ ရတတ်သည် (မယူပါနှင့်-)
အလုပ် ပြောင်းလိုသော စိတ်ပေါ်မည်။
ပြောင်းသောနေရာ၌လည်း အဆင်မပြေ ဖြစ်မည်။
တစ်သက်လုံး ဖုံးထားသော ကိစ္စများ ဒီအချိန် ပေါ်သွားတတ်သည်။
ကိုယ်ဝန်ဆောင်သည် ရှိက ဆေးရုံ ပို့ပါ။ အိမ်မှာမွေးရင် ဒုက္ခ ဖြစ်မည်။
ဆွေမျိုးများ ဆုံးပါးတတ်သည်။
လူငယ် လူရွယ်များ ဒီအချိန် မိန်းမခိုးခြင်း လင်နောက်လိုက်ခြင်း ပြုမယ်ဆိုရင် မိဘက အမွေဖြတ်မည်။
မိမိ၏ အထက်လူကြီးက မစကိန်းရှိတယ်။
ကိုးကွယ်စရာ ပုံတော်များ ဝင်လာတတ်သည်။
သွေးအားနည်းသော ရောဂါများ ရတတ်သည်။
အသက်ငယ်ငယ်နှင့် ကာမဂုဏ်စိတ် ကုန်ခမ်းသွားတတ်သည်။
ပညာရေး ကိစ္စများ အောင်မြင်မည်။
ပဉ္ဇင်းခံရတတ်သည်။
ဘုရား ဆင်းတုတော် ရွှေစသည် ဝင်လာမည်။
စိတ်ထောင်း ကိုယ်ကျေ ဖြစ်မည်။
သူတစ်ပါး ပြုစားသည်ကို ခံစားရတတ်သည်။
ခါး ခြေ မျက်ခြင်း ၊ နာခြင်း ဖြစ်မည်။
အိမ်ထောင်ရေး မကောင်းပါ။
စနေသက်ရောက်သို့ဟောကိန်း
ကြီးစွာသော ဘေးဒုက္ခများနှင့် ကြုံတွေ့ရတတ်သည်။
သောကြာ သားသမီး တစ်ဦးကို ညအိပ် ခေါ်သိပ်လိုက်ပါ။
သူတစ်ပါ၏ မကောင်းပြောဆိုခြင်းကို အကြောင်းမဲ့ ခံရမည်။
အလုပ် အကိုင်တွင် ထိခိုက်တတ်သည်။
တစ်အိမ်သားလုံး ကျန်းမာရေး ညံ့နေတတ်သည်။
သက်ကြီး ရွယ်အိုများ မိမိအိမ်တွင် လာရောက် တည်းခိုပါက အိမ်တွင် ဆုံးပါး သွားတတ်သည်။
မီးကို အထူး ဂရုစိုက်ပါ။
လျှပ်စစ်မီးကို သတိထား ကိုင်တွယ်ပါ။
အမှု့ ဖြစ်တတ်သည်။
ဆေးရုံရောက်တတ်သည်။
ယခင်နှစ်များက ကျန်ခဲ့သော ရွှေငွေများ ကုန်ဆုံး သွားတတ်သည်။
လောကဓံတရာ၏ မတရား ညှင်းပန်းနှိပ်စက်မှု့ကို ခံရတတ်သည်။
မမျှော်လင့်ပဲ တရား သံဝေဂ ရမည်။
အိုးသစ် အိမ်သစ် ဝင်တတ်သည်။
အလုပ်သစ် အကိုင်သစ် ပြောင်းရတတ်သည်။
သက်သေ လိုက်ရတတ်သည်။
လူမျိုးခြား ဒုက္ခပေးခြင်း ခံရတတ်သည်။
အစိုးရနှင့် ပါတ်သက်သော အမှု့ ဖြစ်တတ်သည်။
ခရီးသွားရတတ်သည်။
မြေရတတ်သည်။
ရွှေပေါင်ရတတ်သည်။
သားသမီးအတွက် စိတ်ညစ်ရတတ်သည်။
စက်အတွက် ဒုက္ခရောက်ရတတ်သည်။
အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
ငွေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
ခြေထောက် ပေါင် ဥပါဒ်ရောက်တတ်သည်။
ကြာသပတေးသက်ရောက်ဟောကိန်း
အဖကို ကာပြန်သော သီဟဗာဟုကိန်း ဖြစ်၏။
ဟိုဟာ လုပ်ရ ကောင်းနိုးနိုး ဒီဟာ လုပ်ရ ကောင်းနိုးနိုးဖြင့် အချိန် ကုန်သွားတတ်၏။
လာဘ်လာဘလည်း အလွန် ပိတ်နေတတ်သည်။
ငွေမရှာပါနှင့်။ ရှာသမျှ ပြန်ကုန်သွားတတ်၏။
ထီပေါက်သော် အိမ်သားတစ်ဦး ဆုံးပါးတတ်၏။
ပစ္စည်းများ ရောင်းချ၍ အလုပ်သစ် လုပ်လိုစိတ် ပေါ်မည်။( လုပ်က မွဲသွားတတ်၏)
ဒုက္ခပေးမှု့၏ နောက်ဆုံးနှစ် ဖြစ်သောကြောင့် အံကြိတ်ခံပါ။
ဆရာတု ဘိုးတော်တုများ အိမ်ရောက်လာတတ်သည်။
စိန် ၊ စက် စသော ပစ္စည်းများ ဝင်လာတတ်၏။
ငွေ လူလိမ် ခံရတတ်၏။
ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်၏။
အလုပ်သစ် အကိုင်သစ်ပေါ်မည်။
အလုပ်သစ်သို့ ပြောင်းရွှေ့လိုစိတ် ပေါ်မည်။
နတ်အုန်းသီး ကန်တော့ပွဲ အုန်သီးတို့မှ အစို့ပေါက်မည်။
လူမျိုးခြားနှင့် လက်အောက်ငယ်သားများ အကျိုး ပြုမည်။
သောကနှင့် ယှဉ်သော ခရီး သွားရတတ်သည်။
မိတ်ဆွေ အပေါင်းအသင်းများနှင့် လမ်းခွဲရတတ်၏။
မိမိ၏ သားသမီးဖြစ်သူ အိမ်က ထွက်သွားတတ်သည်။
ရွှေထွက်မည်။
မိမိ၏ သားသမီး လက်ခြေ မျက်သွားတတ်၏။
ရာဟုသက်ရောက်ဟောကိန်း
ဤအချိန်သည် ကိုယ်ကျင့်တရား အထူး အရေးကြီးပါသည်။
ကိုယ်ကျင့်တရား ပျက်သော် နှစ်ရှည် ဒုက္ခ ရောက်ရတတ်၏။
အမှု့ ဖြစ်နေသူကို ငွေမချေးရ၊ အာမခံ မပေးရ။
မိမိနေအိမ်သို့ ဘုရား ပုံတော်များ ကြွလာမည်။( အလွန်ကောင်းသည်)။
ဒီနှစ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်သည်။
လုပ်ငန်းသစ်များ စတင်ပြုလုပ်ရတတ်၏။ (အကျိုးပေးမည်)။
စီးပွားရေး လွန်စွာ အဆင်ပြေမည်။
အိမ်ထောင်ရေး ဇယား ရှုပ်ထွေးတတ်၏။
ဘုရား ဓါတ်ပုံ ဆင်းတုတော်များ ဝင်လာမည်။
ရွှေဝင်မည်။ (တိုးပွားလာမည်)
အောက်လူ တော်လှန် ပုန်ကန်တတ်သည်။
ငွေဝင်မည်။
အလှူ မင်္ဂလာဆောင်များ ပြုလုပ်ပေးရတတ်၏။
နာရေးကို အကြောင်းပြု၍ ခရီးသွားရတတ်၏။
အိမ်ထောင်ဖက်နှင့် စကားများရတတ်၏။
သွားနှုတ်ရတတ်၏။
ဂတိစကား ပျက်တတ်၏။
ဆရာသမားကဲ့သို့သော ပုဂ္ဂိုဟ်နျင့် အဆင်မပြေ ဖြစ်မည်။
မိတ်ဆွေနှင့် စကားများရတတ်၏။
သောကြာသက်ရောက်ဟောကိန်း
မိဘကို ပြုစု စောင့်ရှောက်နိုင်သော အချိန်ဖြစ်သည်။
စီပွားတက်ခြင်း ၊ အလုပ်အကိုင် တိုးတက်ခြင်းများကြုံမည်။
ခရီးဝေးသွား၇တတ်သည်။
နိုင်ငံခြား ခရီး သွားရတတ်၏။
ပြည်တွင်း ပြည်ပ ဘုရားဖူးခရီး ထွက်ရတတ်၏။
ရာထူး တိုးတက်ကိန်းရှိသည်။
ဤအချိန် ချမ်းသာကိန်း ဆိုက်ပြီ။
အစစ အရာရာ တိုးတက်ကိန်းရှိသည်။
အစိုးရ ဝန်ထမ်းများ သင်တန်း တက်ရမည်။
မိတ်ကောင်းဆွေကောင်း တွေ့မည်။
နှလုံးကို အကြောင်းပြုသော ရောဂါ ရတတ်၏။
စက်ပစ္စည်း ဝင်မည် (အကျိုးပေးမည်)။
အုန်းစို့ပေါက်သော် ကောင်း၏။
ရပ်ဝေးမှ စာတစ်ဆောင် ရောက်လာမည်။
ငွေရှာရလွယ်ကူသောနှစ်ဖြစ်မည်။
အလုပ်တွင် အနည်းငယ် အတိုက်အခံ ကြုံရတတ်၏။
-------------------------------------------------------------------------------------------------------
တနင်္လာသက်ရောက် သောမဂြိုလ်
အချစ်ရေး မေတ္တာရေး စန်းပွင့်ခြင်း အမွေအနှစ် ဥစ္စာများရတတ်ခြင်း မောင်ကောက်ရ သူဌေးကျော်ကိန်းဖြစ်လို့ စီးပွားဥစ္စာ ရတနာတိုးတတ်၍ အလုပ်အကိုင်အဆင်ပြေ မြေယာအမွေအနှစ်ရတတ်ပါမည်။ အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမူခံရတတ်ပါမည်။ ကဆုန် ဝါခေါင် တန်ဆောင်မုန်းလများတွင် ကြာသပတေး တနင်္လာနေ့သားများကြောင့် အလုပ်စီးပွား တိုးတတ်အဆင်ပြေနိုင်ပါမည်။ အိမ်ထောင်ကျတတ်မည်။ ယောင်္ကျားလေးဆိုလျှင် မိန်းကလေးနှင့် အချစ်နယ်လွန်တတ်ပြီး မယူမဖြစ်ယူရတတ်မည်။ မယူခဲ့သော်ငွေလျော်ရကိန်း ကြုံတတ်ပါသည်။

အဂါၤသက်ရောက် ပါပဂြိုလ်
အချစ်ရေး အိမ်ထောင်ရေး မတည်ငြိမ် ဗျာများရတဲ့ အချိန်ဖြစ်မည်။ အဆင်မပြေ ပဋိပက္ခများ ကြုံတွေ့ ရတတ်မည်။ လူမူရေး
ပြသနာများ ငွေအတွက် ချစ်သူခြင်းအဆင်မပြေမူ့ အိမ်ထောင်ဘက်၏ ရန်လိုမူ သူတပါးနှင့်ခိုက်ရန်ပြသနာ ကြုံတွေ့ရခြင်းများ မတော်တဆသွေးထွက်သံယိုဖြစ်ခြင်း အချုပ်အနှောင်သင့်တတ်ခြင်း လက်အောက်ငယ်သား တော်လှန်ခြင်း မိန်းကလေးအတွက်နှင့် ပြသနာများဖြေရှင်းရခြင်း စက်ပစ္စည်း ထွက်တတ် ပျက်တတ်ခြင်း ရန်ငြိုးရန်စရှာတတ်ခြင်းများ ကြုံတွေ့တတ်ပါမည်။ ခရီးတစ်ဆစ်ချိုး သွားရတတ်ပါမည်။

ဗုဒ္ဓဟူးသက်ရောက် သောမဂြိုလ်
အချစ်ရေးစန်းပွင့်ြ့ပီး အိမ်ထောင်ကျတတ်မည်။ အိုးသစ်အိမ်သစ် နေရာသစ် ရွှေ့ပြောင်းရခြင်းများ ရာထူး အလုပ်အကိုင် အဆင်ပြေတိုးတတ် ငွေကြေးရှာဖွေလို့ ကောင်းချိန်ဖြစ်မည်။ အချစ်ရေးတွင် အပြိုင်အဆိုင်များပေါ်ပေါက်တတ်ပြီး ချစ်မူရေးရာကိစ္စများ ဖြေရှင်းရတတ်ပါမည်။ အချစ်အတွက်နဲ့ စကားများ ရန်များ မနာလိုရန်ငြိုးဖွဲ့ခြင်း ခံရတတ်ပါသည်။ အရှေ့တောင်အရပ်က လာဘ်လာဘများ ဝင်လာတတ်ပါသည်။ လူလွတ်ဖြစ်လျှင် အိမ်ထောင်ကျတတ်ပါမည်။ စိတ်ချမ်းသာရသောခရီး ဘုရားဖူးခရီးသွားရတတ်ပါမည်။ ကျောက်နီ ပတ္တမြား ရတနာ ရွှေငွေ ရရှိစေမဲ့နှစ်ဖြစ်သည်။ ဒီနှစ်ထဲတွင် ရသလောက် ပြန်ထွက်တတ် မမြဲတတ်၍ သတိရှိဖို့ လိုပါမည်။
စနေသက်ရောက် ပါပဂြိုလ်
ဇနက္ကမင်းသား ကုန်တင်လှေပျက်၍ သမုဒ္ဒရာရေပြင် ပင်ပန်းကြီးစွာ ကူးခပ်ခဲ့ရတဲ့ ကိန်းလို့ဆိုပါတယ်။ အရောင်းအဝယ် အမြတ်အစွန်းမရှိဘဲ ဆုံးရှုံးတတ်ခြင်း မီး ခိုးသူ ပျက်စီးခြင်း အိမ်ထောင်ရေး အဆင်အပြေမူများ မိန်းမအတွက်နှင့် လူမူရေးပြသနာများ ဖြေရှင်းရခြင်း လုပ်ငန်းနှင့်ပတ်သပ်၍ တရားရင်ဆိုင်ရခြင်း အချုပ်အနှောင်ကျတတ်ခြင်း မတော်တဆ သွေးထွက်သံယိုထိခိုက်မိတတ်ခြင်း ချေးငှားထားသောငွေကြေး ပြန်မရနိုင်ခြင်းများ အိမ်ထောင်ရေး အချစ်ရေးတွင်လဲ အနှောက်အယှက် အဖျက်အစီးများ ကြုံတွေ့နိုင်သောနှစ်ဖြစ်၍ သတိထားသင့်ပါသည်။

ကြာသပတေးသက်ရောက် သောမဂြိုလ်
တပေါင်း တန်ခူး ကဆုန်လတွင် ငွေကြေးလာဘ်ရွှင်စေပါမည်။ အလုပ်အကိုင်များ အဆင်ပြေစီးပွားရေးတိုးတတ် အကျိုးခံစားခွင့်များ ရရှိနိုင်မည့်နှစ်ဖြစ်သည်။ လူပျိုအပျိုဖြစ်လျှင် အချစ်ရေးစန်းပွင့်တဲ့နှစ်ဖြစ်ပြီး အနောက်အရပ်ကချစ်သူတွေ့တတ်ပါမည်။ အချစ်ရေးအဆင်ပြေ အိမ်ထောင်ရေးအဆင်ပြေတဲ့နှစ်ဖြစ်မည်။ တစ်ခုသတိထားရမှာက အချစ်ကိုမယုံလွယ်ပါနှင့်။ သူတစ်ပါးကြောင့် သားသမီးကြောင့် မျက်နှာပျက် အရှက်ရတတ်ခြင်း စွပ်စွဲပြောဆိုခံရခြင်းများ ခံရတတ်ပါသည်။ ကွဲကွာခဲ့သော အိမ်ထောင်ဘက် ချစ်သူနှင့် ပြန်လည်အဆင်ပြေပေါင်းဖက်ရတတ်ပါသည်။

ရာဟုဂြိုလ် ပါပဂြိုလ်
စီးပွားရေးကျဆင်း အလုပ်အကိုင်များ အဆင်မပြေ ငွေကြေးဆုံးရှုံး နစ်နာတတ်ပါသည်။ ဘာဘဲလုပ်လုပ် အဆင်မပြေနိုင် အဝင်မရှိဘဲ အထွက်သာများနေတတ်ပါမည်။ ဥစ္စာပစ္စည်းများ ကျပျောက်ခြင်း အခိုးခံရခြင်းအပြိုင်အဆိုင်အတိုက်အခံများပေါခြင်း ကျန်းမာရေးညံ့ခြင်း လေနာ ရင်နာ ဝမ်းနာ မတော်တဆထိခိုက်နာ မျက်စိရောဂါ လေဖြတ်ခြင်း အသက်အန္တရာယ် စိုးရိမ်ရခြင်းများ ကြုံတွေ့တတ်ပါသည်။ လူမျိုးကွဲများနှင့် ပြသနာခိုက်ရန်ကြုံခြင်း လူမျိုးကွဲကြောင့်ဘဲ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတတ်အဆင်ပြေစေပါမည်။ အိမ်ထောင်ရေး မတည်ငြိမ်နိုင် လင်မယားခြင်း ကွာရှင်းလမ်းခွဲရတတ်ပါသည်။ အထက်လူကြီး ငြိုငင်အထင်လွဲ မိတ်ဆွေကောင်းများ ပျက်စီး မိန်းမကြောင့် ရန်ငြိုးထား အန္တရာယ်ပေးနိုင်ပါသည်။ အနေအထိုင် အသွားအလာဆင်ခြင်ရမည့်နှစ်ဖြစ်သည်။

သောကြာသက်ရောက် သောမဂြိုလ်
အချစ်ရေး စန်းပွင့်သော နှစ်ဖြစ်၍ အိမ်ထောင်ကျတတ်ပါမည်။ ရှောင်လွဲ၍မရအောင် အိမ်ထောင်ကျကိန်းပါ။ အလုပ်အကိုင်ရာထူးတိုးမြှင့်ခံရခြင်း အိုးသစ်အိမ်သစ် နေရာသစ်သို့ရွေ့ပြောင်းရခြင်း မင်းစိုးရာဇာများမှ ချီးမြှင့်မြှောက်စားခံရခြင်း ရပ်ရွာအုပ်ချုပ်လူကြီးဖြစ်ရခြင်း ရပ်ရေးရွာရေး နိုင်ငံရေးနှင့် ဌာနဆိုင်ရာများတွင် ဦးစီးဦးဆောင်ပြုလုပ်ရခြင်း အကြီးအကဲဖြစ်ရတတ်ခြင်း အလုပ်အကိုင်စီးပွားတိုးတတ် ရတနာရွှေငွေလာဘ်လာဘကောင်းများ တိုးပွားစေခြင်း မင်္ဂလာရှိသောအမူကိစ္စများ ဆောင်ရွက်ပေးရခြင်းများ ဆန်ရေ စပါး ရွှေငွေပြည့်စုံစွာ ရမည့်နှစ်ဖြစ်ပါသည်။ ရဟန်းဖြစ်လျှင်လဲ ကျောင်းဆောင် အလှူရှင်ပေါ်လာပါမည်။

တနင်္ဂနွေသက်ရောက် ပါပဂြိုလ်
တပို့တွဲ တပေါင်းလများတွင် ငွေကြေးအတွက် စကားများ ရန်ဖြစ်ရခြင်း မိခင် ဖခင်ကျန်းမာရေးညံ့တတ်ခြင်း ဆွေမျိုးသားချင်းများကြောင့် စိတ်သောက အပူသင့်တတ်ခြင်း တန်ခူး ကဆုန် ပြာသိုလမှာ သားသမီး ဆွေမျိုးလက်အောက်ငယ်သားများကြောင့် အမူအခင်းပြသနာများဖြေရှင်းရတတ်မည်။ အိုး အိမ်နေရာ အလုပ်ရွေ့
ပြောင်းရတတ်သည်။ သူခိုးအခိုးခံရခြင်း မီးအန္တရာယ်ပေးခြင်း ချစ်သူတွေ့လျှင်လဲ မလွတ်လပ်သောချစ်သူမျိုးနှင့် ကြုံတွေ့တတ်ပါမည်။ တကယ်လို့ ကြာသပတေးသားသမီးက တနင်္ဂနွေ သက်ရောက်ကျတယ် ဆိုရင်တော့ ယာဉ်ကား စက်ပစ္စည်း ဝင်နိုင်ပါသည်။
မိမိနာမည် မွေးသက္ကရာဇ်အလိုက် အဟောထပ်မံကွဲပြားနိုင်ပါသည်။
-----------------------------
သက်ရောက်တစ်ခုထဲက အဓိကမကျပေမဲ့ ပါပဂြိုလ်စားပြီး၊ ညံ့တဲ့သက်ရောက်ကျနေရင် ဘာဘဲလုပ်လုပ် သတိလေးထားလုပ်ပါ။
ဥပမာ ။ ။ အဂါၤဂြိုလ်စား အဂါၤသက်ရောက်၊ စနေဂြိုလ်စား စနေသက်ရောက်၊ ရာဟုဂြိုလ်စား ရာဟုသက်ရောက်၊ တနင်္ဂနွေဂြိုလ်စား တနင်္ဂနွေသက်ရောက်တွေဟာ ဘုမ္မိကျတဲ့နှစ်တွေဖြစ်လို့ အဲဒီနှစ်တွေမှာ အထူးသတိထားပြီး ငွေချေးခြင်း၊ လုပ်ငန်းသစ်တိုးချ့ဲခြင်း၊ရောင်းဝယ်ခြင်း၊ အိမ်ထောင်ပြုခြင်းတွေ တတ်နိုင်သမျှရှောင်ပါ။
ငွေလူလိမ်ခံရခြင်း၊ငွေလျော်ရခြင်းမျိုးတွေ ကြုံတွေ့နိုင်တာကြောင့် တတ်နိုင်သမျှ ငြိမ်ငြိမ်နေပါ။ မိတ်ရင်းဆွေရင်း ယုံကြည်ရတဲ့သူကို ငွေချေးပေးရင်တောင်မှ အကြောင်းတစ်ခုခုကြောင့် ပြန်ရဖို့ ခက်ခဲတတ်ပါတယ်။ ခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမူပြုပေးပါ။
--------------------------------------------------
သက်ရောက် ယတြာများ
*********************
တနင်္ဂနွေသက်ရောက် ။ ။ သစ်သီး ( ၆ ) မျိုး၊ ရှောက်သီးသုပ်၊ယပ် ( ၄ ) လက် ၊ သောက်တော်ရေ ( ၆ ) ခွက် မိမိအိမ်ဘုရားမှာ လှူပါ။
မိမိအိမ်တွင်ရှိနေသော မြေအိုးအပဲ့၊ပန်းအိုးအပဲ့ ၊မီးချောင်းအပျက်များ ရှာဖွေစွန့်ပစ်ပါ။ ဘဲဥ ပြုတ် ခွေးလေးတွေအား ကျွေးပါ။
~~~~~~~~~~~~~~~~~~~~~
တနင်္လာသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ကံကော် ( ၂ ) ညွန့်၊ နှင်းဆီ ( ၇ ) ပွင့် နှင့် နန်းကြီးသုပ် ၊နံကထိုင် ၊နွားနို့ နှင့် ကိတ်မုန့် လှူပေးပါ။
မိမိအိမ်တွင်ရှိသော လွယ်အိတ်အဟောင်း၊ အရက်ပုလင်းခွံများရှိလျှင် ရှာဖွေစွန့်ပါ။
အာလူးနဲ့ ဝက်သားချက်၍ အရူးကို ထမင်းကြွေးပါ။
~~~~~~~~~~~~~~~~~~~~~~
အဂါၤသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ရွက်လှ ( ၇ ) ညွန့်၊ ရွှေထီး ( ၄ ) လက်၊ရေတော်သက်စေ့၊ဆွမ်းသက်စေ့၊ဆီမီးသက်စေ့ လှူဒါန်းပူဇော်ရပါမည်။
မိမိအိမ်တွင် နာရီဟောင်း၊စက်ပစ္စည်းဟောင်းတွေရှိနေလျှင် ရှာဖွေစွန့်ပစ်ရပါမည်။
~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူးသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ပိတောက် ( ၇ ) ညွန့်၊ ဒံပေါက်၊ထောပတ်ထမင်း ၊ပေါင်မုန့်ထောပတ်သုပ် လှူပေးပါ။
သခွါးသီးမှာ သွားကြားထိုးတံ ၂၆ ချောင်း
စိုက်၍ ရေတွင်မျှောပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
စနေသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် အုန်းသီး၊ အုန်း ( ၁ ) ညွန့် သပြေ ( ၆ ) ညွန့်၊
အုန်းသီးပါသော မုန့် ( ၆ )ခု လှူပါ။
စနေနေ့ ညနေစောင်းမှာ လုံချည်အဟောင်း
တစ်ထည် ရေနံဆီလောင်းပြီး မီးရှို့လိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး သက်ရောက်။ ။ မိမိအိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးစိတ်၊သြဇာ ( ၃ ) ညွန့်၊ အုန်း 
( ၆ ) ညွန့်၊ အုန်းစိမ်း ဆားသိပ် လှူပေးပါ။
ကြာသပတေးနေ့ ညနေမှာ
ပဲကြော ်ခွေးလေးတွေအားကြွေးပါ။တနင်္လာနေ့ ညနေတွင် ငါးလွှတ်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~
ရာဟု သက်ရောက်။ ။ မိမိအိမ်ဘုရားမှာ
ခရေ ( ၆ ) ညွန့်၊ကော်ရည် ခေါက်ဆွဲ၊ ခေါင်းလောင်း၊ ကြက်လျှာ ( ၆ ) လက် လှူပါ။
သောကြာနေ့ ညနေမှာ ဆိတ်သားဟင်းနဲ့
ထမင်းကြမ်းနယ်ပြီး ခွေးလေးတွေအားကျွေးပါ။ လမ်းဆုံမှာ သဲခင်းပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာသက်ရောက်။ ။ မိမိအိမ်ဘုရားမှာ ဇီးပြား၊ပေါက်စီ၊ စံပါယ်ပန်း၊ ဆီထမင်း လှူပေးပါ။
စနေနေ့ ညနေမှာ ထန်းလျှက် ( ၁၁ ) ခဲ
စက္ကူကန်တော့နှင့် ထုပ်၍ ခွေးလေးတွေကိုပစ် ပေါက်ကြွေးလိုက်ပါ။

0 Comments