ယတြာများ
အကျော်အကြားယတြာ (ရာထူး)
ဘဝအဆင့်မြင့်မားစေသော အကျော်အကြားယတြာ
လင်ဗန်းတစ်ချပ် အလယ်မှာ သောက်တော်ရေ တစ်ခွက် ထည့်ပါ။ ဒေါင့်လေးဒေါင့်မှာ ဗူးသီးကျော် တစ်ပုံ ၊ ဘယာကျော် တစ်ပုံ ၊ ကြက်သွန်ကျော် တစ်ပုံ ။ ငှက်ပျောကျော်-တစ်ပုံ ထည့်ပါ။ မိမိတို့၏ မွေးနေ့ နံက် (၉း၄၅) တွင် နေအိမ်ရှိ မြတ်စွာဘုရားကို ကပ်လှူ ပူဇော်ပါ။ ထို့နောက် ကိုယ်ဖြစ်ချင်သော ကိစ္စများကို ကျကျနန ဆု တောင်းပါ။
ကပ်လှူပူဇော်ပုံ
၀ိဇ္ဇာရှစ်သောင်း ဆရာ အပေါင်း မယ်တော် အပေါင်း နှင့် လောကကို စောင့်ရှောက် နေသော ပုဂ္ဂိုလ် အပေါင်း တို့၏ ကိုယ်စား တပည့်တော် (နေ့သား)- -(အမည်)မှ မြတ်စွာဘုရားအား ဤအကျော် လေးပါး ပွဲကို ညွတ်နူး သဒ္ဓါ ကြည်လင်စွာဖြင့် သုံးတန် စေတနာ ခိုင်မာစွာ ပြဋ္ဌာန်၍ လှူဒါန်း ဆက်ကပ်ပါသည် ဘုရား....
ထို့နောက် အမျိုးသားများ ဖြစ်ပါက ကြေးစည် တီး၍ အမျှဝေပါ။ အမျိုးသမီး ဖြစ်ပါက ခေါင်လောင်း ထိုး၍ အမျှ ဝေပါ။
0 Comments