သင်္ဘောသီးကြက်လျှာယတြာ(ရောဂါကြီးမားသူများအသုံးပြုရန်)
သဘောၤသီး တစ်လုံးနှင့် ယတြာချေရာနှင့် ပွဲထိုးရာတွင် အသုံးပြုလေ့ရှိသော ကြက်လျှာ ရောင်စုံ (၉)လက်အားရှာပါ။
ကြက်လျှာရောင်စုံ ၉လက်တွင် လူနာ၏ နေ့သားနှင့် အမည်တို့ကို ထည့်၍ ဆုတောင်းစာ ရေးပါ။
ဥပမာ ။     ။ တနင်္ဂနွေသား အောင်သူ ကျန်းမာရေးကောင်းပါစေ။
                တနင်္ဂနွေသား အောင်သူ (ဖြစ်ပွားနေသော) ရောဂါပျောက်ပါစေ
                တနင်္ဂနွေသား အောင်သူ ရောဂါနှင့်ဆေးတိုးပါစေ။
                တနင်္ဂနွေသား အောင်သူ ဆရာကောင်းသမာကောင်းတွေ့ပါစေ
အစရှိသည်ဖြင့် ကြက်လျှာ(၉)လက်စလုံး ပြည့်အောင်ရေးပါ။

                   ကြက်လျှာ(၉)လက်ကို သင်္ဘောသီး အညှာဘက်မှာ စိုက်ပါ။ ပြီးပါက အောက်ဘက်မှာ ကြွေပုဂံလုံး တစ်လုံးခံ၍ ထောင်ပါ။ သဘောၤသီးထောင်မတ်နေစေရန် သဘောၤသီးနှင့် အရွယ်တော် ပန်းကန်လုံးဆိုကောင်း၏။ ပြီးရင် အညှာပေါ်တွင် ဖယောင်းတိုင် မနက်တစ်တိုင် ညတစ်တိုင်ထွန်းပါ။  အလွန်အစွမ်းထက်သော ယတြာဖြစ်ပါသည်။


0 Comments