ယၾတာမ်ား
အရပ်မျက်နှာ/အရပ္မ်က္ႏွာ
(၁) ပရိဝါယ - အခြံအရံပေါများစေသောအရပ်
(၂) အာယု - အသက်ရှည်ကျန်းမာခြင်းကို အားပေးသောအရပ်၊
(၃) နာဂရ - မြို့၊ ရွာ တည်ထောင်သင့်သော စည်ကားရာအရပ်၊
(၄) ဘုမ္ပိ - စွန့်ပစ်ရာအရပ်၊
(၅) ဂဟပတိ - ပစ္စည်းဥစ္စာမျး သိုလှောင်ရာအရပ်၊
(၆) တေဇ - ဘုန်းတန်းခိုးတက်စေသော ကုသိုလ်ကောင်းမှုပြုသောအရပ်၊
(၇) ဌာန - တည်မြဲခိုင်ခံစေသောအရပ်၊
(၈) သီရိ - ကျက်သရေမင်္ဂလာတည်ရာ မျက်နှာပြုသင့်သောအရပ်
အရပ်မျက်နှာ ဆိုရာတွင် နေ့သားအလိုက် မိမိနေအိမ် ဘယ်နေရာတွင် မည်သည့်အခန်းဖွဲ့မည်။ ငွေကြေးကို ဘယ်နေရာတွင် ထားသိုမည်။ ဘုရားစင်/ဘုရားခန်းကို မည်သည့်အရပ်မျက်နှာတွင်ထားမည်၊ အိပ်ခန်းကို မည်သည့် အရပ်တွင်ထားရမည်၊ အိမ်သာကို မည်သည့်အရပ်တွင် ထည့်သွင်းတည် ဆောက်မည် စသည်ဖြင့် ရွေးခြယ် ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ ယခုဖော်ပြပါ အရပ်သည် တနင်္ဂနွေသား သမီးများအတွက် ဖြစ်ရကား၊ နေ့သားအလိုက် ပရိဝါယမှ စပြီး မိမိမွေးနံထောင့်မှ စတင်ရေတွက်ရာ၏။
သန်းထိုက်စံ
မူရင်း = ဧကံသဗျာကရဏ
Zawygyi
သန်းထိုက်စံ
မူရင်း = ဧကံသဗျာကရဏ

သန်းထိုက်စံ
မူရင်း = ဧကံသဗျာကရဏ
0 Comments