ယၾတာမ်ား
ရန်များပါက
ကိုယ်က အကောင်းဆုံးတွေလုပ်နေပါလျှက် အကောင်းအထင်မခံရပဲ ...
ရန်လုပ်ခံရတယ်။ မကောင်းပြောခံရတယ်။ မကောင်းကြံခံရတယ်။
မကောင်းသတင်းအလွှင့်ခံရတယ်ဆိုတာ တကယ်တော့ လောကရဲ့ဓမ္မတာတစ်ခုလိုဖြစ်နေပါပြီ။
ဒါကို ဖြေရှင်းနိုင်တဲ့ မြန်မာ့နည်းလမ်းလေးတစ်ခုကို တင်ပြချင်ပါတယ်။
ရန်အပေါင်းတကာကို အောင်မြင်စေတဲ့နည်းလမ်းဆိုပါတော့ ... ဒါကိုလုပ်ဆောင်ဖို့အတွက် ...
အနီရောင် ကြက်လျှာ ၉ ခု လိုအပ်ပါတယ်။ ပြီးတော့ လစ်ပိုပုလင်းတစ်လုံးပါရှာထားရပါမယ်။
ကြက်လျှာ တစ်ခုစီမှာ အောက်ပါဂါထာကို ရေးပါ။ ကြက်လျှာတစ်ခု ဂါထာတစ်ပုဒ်နော်။
" ရန်အထောင်အသောင်း ရှောင်ရှားဟ
ဥုံ ဗုဒ္ဓံ ရှဲဟ
ဥုံ ဓမ္မံ ရှဲဟ
ဥုံ သံဃံ ရှဲဟ
ဗုဒ္ဓ ဓမ္မ သံဃ အမိန့်တော် ..."
ပြီးရင် ကြက်လျှာ ၉ ခုလုံးကို လစ်ပိုပုလင်းထဲမှာ စိုက်ထူပါ။ ဘုရားစင်ပေါ်တင်ပါ။ ဘုရားရှေ့မှာ
အဲဒီဂါထာကို 108 ခေါက်ရအောင် ရွတ်ပေးပါ။ အစီရင်ကို မွေးနေ့ မနက် ၉း၄၅ မှာလုပ်ဆောင်ပါ။
ရန်ပြေငြိမ်းအေးသွားပါလိမ့်မယ်။ ဂါထာကို နေ့တိုင်းရွတ်ဖတ်ပူဇော်နိုင်ရင် သာပြီးကောင်းပါတယ်။
#credit: https://sayarthutasann.blogspot.com
0 Comments